မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာက ကင်းပတ်နေတဲ့ ပျူစောထီးတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အ​နောက်မြောက်စစ်ဒေသ) က တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တလိုင်းရပ် (ရွာသစ်) ရွာအတွင်းထိ ကင်းပုန်းဝတ်နေရာယူပြီး တိုက်ခိုက်ခဲ့ကာ တိုက်ပွဲဖြစ်စဥ်အပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က ပျူခေါင်းဆောင်ကျော်မင်းထူးအလောင်းအပါ အလောင်း ၂ လောင်း၊ type-81 ၁လက်၊ ကာဘိုင် ၁လက်၊ Dayang အမျိုးအစား ဆိုင်ကယ်၁စီး၊ ၇.၆၂ ကျည်၂၀တောင့်၊ ကာဘိုင်ကျည် ၂၁တောင့်တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) ဟာ နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ် ပျူစောထီးအထိုင်စခန်းကို ဝင်​ရောက်တိုက်ခိုက်ပြီး စခန်းအပါအဝင် လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်သား ၄ ဦး သေ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။