ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီ​အတွက် ခြေကုပ်ယူစရာနေရာ ပိုကျဥ်းလာပြီလို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းကစလို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မင်းတပ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် Y-12 ဗုံးကြဲလေယာဥ် (ဓာတ်ပုံ Ĥkl Mindat)

ဒါ့အပြင် အကြမ်းဖက်စစ်သား​တွေက မင်းတပ်မြို့ ရဲစခန်းရှေ့၊ ခေါနူးရိပ်သာအနီးတဝိုက်က အရပ်သားနေအိမ်တွေနဲ့ မြို့အနောက်ဘက် ဆောက်လုပ်ရေးဝန်းအနောက်ဘက်ခြမ်းအပါအဝင် နေရာတော်တော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

“ထိတွေ့မှုတွေ နေ့တိုင်းဖြစ်နေသလို စကစကလည်း လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေပါတယ်။ အရင်က သူတို့စခန်းထဲကနေ အပြင်ထွက်လာလို့ရတဲ့နေရာတွေမှာ ၅ဂါလံဆီပုံးတွေလောင်းပြီး မီးရှို့တာတွေလုပ်ခဲ့ပါတယ်။ အခုတော့ မီးပုလင်းတွေနဲ့ လှမ်းပစ်ပြီး မီးရှို့တာတွေ လက်နက်ကြီးပစ်တာတွေ လုပ်နေပါတယ်။ တိုက်ပွဲကဆက်လက်ပြင်းထန်နေသလို သူတို့ အတွက် နေရတာတော့ ကျဥ်းသထက်ကျဥ်းလာပါပြီ” လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၁၇ရက်နေ့ မနက်အစောပိုင်းကလည်း မင်းတပ်မြို့ပေါ်ကို Y12 လေယာဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်၃၀ထက်မနည်း ပြုလုပ်ကာ ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က စကစ၏ မီးရှို့ဖျက်ဆီးမှုကို မြင်ရစဉ် (ဓာတ်ပုံ Ĥkl Mindat)

ဒါ့အပြင် ၃မိုင်လမ်းခွဲအနီးက အရပ်သားနေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် နိုဝင်ဘာ ၉ရက်နေ့ကစလို့ ချင်းညီနောင်တော်လှန်ရေးတပ်တွေနဲ့ CDF မင်းတပ်တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီရဲ့ မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်း၊ ရဲစခန်းနဲ့ မြို့ပေါ် နေရာတချို့မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ ခုခံတိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ် ရာနဲ့ချီ မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က စကစ၏ မီးရှို့ဖျက်ဆီးမှုကို မြင်ရစဉ် (ဓာတ်ပုံ Ĥkl Mindat)
0 Shares:
You May Also Like
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။