တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

ဘန်လောရွာအနီး ကျောက်ပုံတောင်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက အရှေ့ဘန်လောကျေးရွာကို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ -P2 3402)

စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ စေတီတော်တွေ ပျက်စီးခဲ့ပြီး ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

တင်္နသာရီမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေက တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာကြောင့် ပြည်သူတွေ အထူးဂရုစိုက် နေထိုင်ဖို့ People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ က သတိပေးထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ -P2 3402)
0 Shares:
You May Also Like
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကလေးမြောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ကသည်းနှင့် နာဂသူပုန်များ အသုံးပြုပြီး စစ်ကြောင်းများဆက်ထိုးနေသဖြင့် စစ်ရေးတင်းမာမှုများရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကလေး-တမူးလမ်းပိုင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။