ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း၊ ကရင်အမျိုးသားအစည်အရုံး – KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ (၁၂) ရက်မှာ မူးမြို့နယ်အတွင်း မိဿလင်ကျေးရွာနဲ့ ဆေးပုလဲကျေးရွာ စတဲ့ကျေးရွာပေါင်း (၂) ရွာက အိမ်ခြေ(၂၇၈)လုံး၊ လူဦးရေစုစုပေါင်း (၁,၄၈၄) ယောက် ကျပ်ငွေ (၁၄၀,၉၈၀,၀၀၀) ကျပ် သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

KNU သွားရောက်လှူဒါန်းတဲ့ ကျေးရွာတွေဟာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့် စားဝတ်နေရေး၊ အကျပ်အတည်း၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေကို ဖော်ပြကာ အသက်ရှင်ချင်ရင် အလံဖြူထောင်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။