ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။

အဆိုပါ ထွက်ပြေးလာသူတွေဟာ မျိုးနွယ်စုအသိုင်းအဝိုင်းဝင်တွေ ဖြစ်ကြပြီး ဘိုက်ရှ်ဖာရီနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါပန်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူတို့ကို ကော့ဘဇာက ကုတုပလောင် ဟိန္ဒူရိုဟင်ဂျာဒက္ခသည်စခန်းတဝိုက်မှာ စုဝေးထားတယ်လို့ ဥခီယာခရိုင်ခွဲအရာရှိ လက်ထောက်ကော်မရှင်နာ Zarin Tasnim က ပြောပါတယ်။

တနင်္လာနေ့ မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၅ ယောက်ထဲမှာ သက္ကမလူမျိုးနဲ့ တန်ချန်းယာလူမျိုးတွေ ပါဝင်တယ်လို့ သူမကဆိုပါတယ်။

“ဒီကိစ္စ အထက်အာဏာပိုင်တွေဆီ သတင်းပို့ထားပြီးပါပြီ။ ဒါနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နောက်ပိုင်းထုတ်ပြန်မှာပါ” လို့ သူမက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာပြည်သူ ၆၅ယောက် (ဓာတ်ပုံ – TBS)

အဆိုပါ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေမရတော့တဲ့အတွက် ထွက်ပြေးလာတာလို့လည်း ပြောကြောင်း The Business Standard က ရေးထားပါတယ်။

သူတို့တွေ အသက်ရှင်ဖို့ ဒီဘက်ခြမ်းထွက်ပြေးလာကြောင်း၊ ပြည်တွင်းမှာတော့ သူတို့တွေဟာ လယ်ယာနဲ့ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတွေ အဓိကလုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

“ရိုဟင်ဂျာ ဒုက္ခသည်စခန်းတဝိုက်မှာ စုဝေးထားတဲ့ မြန်မာနိုင်ငံသားတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ရဲတွေက လုံခြုံရေး ယူထားပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ခရိုင်ခွဲအုပ်ချုပ်ရေးနဲ့ BGB အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ဥခီယာရဲစခန်းမှူး Mohammad Arif Hossain က ပြောပါတယ်။

အခုလို တရားမဝင် ထွက်ပြေးလာသူတွေနဲ့ပတ်သက်ပြီး BGB အရာရှိတစ်ယောက်က သူတို့တွေအနေနဲ့ အသေးစိတ်အချက်အလက်တွေ စုံစမ်းနေပြီး ဂဏန်းအတိအကျသိရရင် နောက်မှပြန်ပြောမယ်လို့ ဆိုပါတယ်။

မူရင်း – 65 citizens from Myanmar’s tribal communities enter Bangladesh illegally

0 Shares:
You May Also Like
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။