တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်အချိန်မှာ ထားဝယ်မြို့နယ်က အိမ်ရှေ့ပြင်ရပ်နဲ့ ဆင်ဆိပ်ရပ်ကွက်အကြားမှာ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

YePhyu People Defence Force – YPPDF ၏ ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ YPPDF)

အဲ့လိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၅ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေထံက MA1 သေနတ် (၃) လက်၊ MA3 သေနတ် (၁) လက်၊ MA2 စက်ကလေး (၁) လက်၊ ကျည်ဘောက် (၁၅)ခု၊ အီကွေ့မန့် ခါးပတ် (၁)ခု နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်များ (ဓာတ်ပုံ YPPDF)

ဒီတိုက်ခိုက်မှုကိုတော့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

လောင်းလုံး၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီဒေါက်တိုင်ဆိုသူများကို လောင်းလုံးပကဖ ဖမ်းဆီးထိန်းသိမ်းထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် ဒေါက်တိုင်ဖြစ်သူ ၅ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း​ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီလက်ထက် တစ်မနက်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ပွား

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် တော်လှန်ပညာရေးအဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာကတစ်ဆင့် ကူညီလှူဒါန်း

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သားဘဝကို မသိဘဲ စစ်တပ်ကို စော်ကားနေကြတယ်လို့ ဦးခင်ရီ ပြော

မတရား စစ်အာဏာသိမ်းမှုကို တိုင်းပြည်အနှံ့ ဆန့်ကျင်နေကြတဲ့ လက်ရှိအချိန်မှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ လက်ရှိ လူငယ်တွေဟာ စစ်သားတွေရဲ့ ပေးဆပ်မှုကို သေချာမသိဘဲ တပ်မတော်ကို စော်ကားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။