ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင် တပ်သားတွေဟာ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံထားရသူတွေဖြစ်ပြီး (၆) ယောက်ထဲက (၁) ယောက်ဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့်နဲ့အတူ ပါဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ (၆) ထဲက (၁) ဦး အတူယူဆောင်လာသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Daw Na Column-P29902)

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရသူတွေဟာ လက်ရှိရှေ့တန်းကို စေလွှတ်ခံရကာ တာဝန်ထမ်းဆောင်နေရတာတွေကို မြင်နေတွေ့နေရပြီဖြစ်တယ်လို့ ဒေါနတပ်ရင်းက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါတပ်ရင်းဆီ အလင်းဝင်ရောက်တဲ့ တပ်သားတွေကတော့ တပ်သားဝေဖြိုး (ကိုယ်ပိုင်အမှတ်-ရေ ၅၀၈..၊တပ်သား/၁၄၊ တရက) ၊ တပ်သားဖြိုးမင်းအောင် (ပစ-၁၀၆၅..၊ခလရ ၂၇၃) စစ်မှုထမ်းအပတ်စဉ်-၂ ၊ တပ်သားကရင်လေး(ပစ-၁၀၆၇..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ်-၂ ၊ တပ်သားရဲမင်းမောင် (ပစ-၂၀၂၆..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ် – ၁ ၊ တပ်သားသန်းတိုးအောင်(ပစ-၁၀၀၈..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ် – ၁ ၊ တပ်သားဖြူဖွေး (ပစ-၁၀၀၇..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ် – ၁ တို့ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာကြသူများ (ဓာတ်ပုံ Daw Na Column-P29902)
အလင်းဝင်လာကြသူများ (ဓာတ်ပုံ Daw Na Column-P29902)
အလင်းဝင်လာကြသူများ (ဓာတ်ပုံ Daw Na Column-P29902)

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပလမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၃ ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်သေပြီး ၄၀ ကျော်ဒဏ်ရာရဟု ဆို…

" ထိတွေ့မှု တော်တော်များများက ပလမြို့ထဲမှာပဲ ဖြစ်ခဲ့တယ်။ သေဆုံးမှုတွေကို မျက်မြင်၊ အလောင်းရရှိမှုနဲ့ ခိုင်မာတဲ့ သတင်းပေးတွေဆီကနေ ရတဲ့ အချက်အလက်တွေနဲ့ အတည်ပြုပါတယ်ဗျ။ လေကြောင်းပစ်ကူက နေ့စဉ်လိုလို ရှိတယ်။ နောက်ဆုံး ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်" လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

လွတ်မြောက်လာသည့် ကရင်နီ နိုင်ကျဉ်းများအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု KPPA ထုတ်ပြန်

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။