ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးမှာရှိတဲ့ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ် (၂) စင်းသုံးပြီး ပေါင် ၅၀၀ ဗုံးနဲ့ (၁) ကြိမ်၊ ပေါင် ၂၀၀  ရှိတဲ့ ဗုံးသီးနဲ့ တစ်ခါကြဲ (၂)ကြိမ်နှုန်းနဲ့ စုစုပေါင်း ဗုံး (၅) လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းနဲ့ အဲ့ဒီအနီးတဝိုက်က ပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေးဘုရားကျောင်း၊ စပါးကျီတွေနဲ့ လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ။” လို့ စစ်ဘေးရှောင်တစ်စ်ယောက်က ပြောဆိုထားပါတယ်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၅) ရက်ကလည်း လေယာ​ဥ် ဗုံးကြဲတိုက်ခိုက်ခံရမှု​​ကြောင့် အသက်မပြည့်တဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးအပါအဝင် လူ (၁၀) ယောက်နီးပါး သေဆုံးခဲ့ပါသေးတယ်။ 

အဲ့ဒီဖြစ်စဥ်နောက်ပိုင်း စစ်ဘေးရှောင်အများစုက တခြားနေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပေမယ့် ရွှေ့ပြောင်းဖို့ အခက်အခဲရှိနေတဲ့ တချို့စစ်ဘေးရှောင်တွေက ဆက်လက်ကျန်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြစ်ဆုံစီမံကိန်းအား တမံဒီဇိုင်းပြောင်းကာ မဂ္ဂါဝပ်လျှော့ချပြီး ပြန်စမည်ဟု အကြမ်းဖက် ဒုခေါင်းဆောင် စိုးဝင်း ပြော 

ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။