ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မဲဆောက်မြို့ ဘက်ခြမ်းသို့ ဖြတ်သန်းလာတဲ့ ကုန်တင်ယာဉ်ရဲ့ အောက်ပိုင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မယ့် မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ နိုဝင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းဟာ မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန် ကုန်တင်ယာဉ်အောက်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မယ့် မြန်မာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းကို တရားမဝင်လူကုန်ကူးမှုနဲ့ ဖမ်းဆီးလိုက်ပြီး ကုန်တင်ယာဉ်ကိုလည်း ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

မူရင်း ရုပ်သံ – Khaosod

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများအား တိုက်ခိုက်ပြီး မဲရုံများကို ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကလေးမြို့ ရှေ့တန်းမှ ပြန်လာသည့် CDF Matupi ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရှေ့တန်းမှ ပြန်လာတဲ့ CDF Matupi ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်က အင်မထီး ကျေးရွာကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ချပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။