တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM  တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကို စတင်တော်လှန်စဉ်က တစ်တောင့်ထိုး၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်ရိုင်ဖယ်တွေနဲ့အတူ စစ်ကောင်စီထံက ရရှိတဲ့  လက်နက်တွေနဲ့ ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။

လက်နက်ပြည့်စုံမှုဟာ တပ်ဖွဲ့တိုင်းမှာ မဟုတ်ပေမယ့် အများစုမှာတော့ ပြည့်စုံလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာတယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။

ကာလရှည်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တာကြောင့် စစ်လက်နက်ခဲယမ်း လိုအပ်ချက်တွေကတော့ တပ်ဖွဲ့တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဆဲလို့လည်း CDM အရာရှိတွေက ဆိုပါတယ်။

“ ရှေ့တန်းမှာ ပစ်နေရင်းနဲ့ တစ်ခုခု ဂျန်းဖြစ်သွားတာမျိုးဆိုရင် နောက်ထပ်အစားထိုးဖို့ အဆင်သင့်ရှိတာမျိုးတွေလည်း တွေ့လာရတယ်” လို့ CDM ဗိုလ်မှူးထင်လင်းအောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်လော်ဘီတချို့မှာ PDF တိုက်ဖွဲ့တွေဟာ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်ရင် တပ်ဖွဲ့ဝင် ၁၀၀ မှာ ၃၀ လောက်သာ လက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ပြောကြားလာမှုကို CDM အရာရှိတွေက တုံ့ပြန်ပြောကြားလိုက်တာပါ။

ကမ္ဘာတစ်ဝန်းလုံး မြန်မာတွေ၊ ပြည်တွင်းပြည်ပ ထောက်ပို့တပ်သားတွေထံက စုဆောင်းရရှိငွေဟာ တစ်လလမှာ ပျမ်းမျှဒေါ်လာ ၈ သိန်းလောက်ရှိပြီး ဒီငွေတွေကို NUG လက်အောက်ခံ PDF တပ်ရင်းတွေဆီ ရက်၄၀ တစ်ကြိမ် သို့မဟုတ် ရက် ၅၀ တစ်ကြိမ် ပြန်လည်ခွဲဝေပေးနေပြီး တစ်ကြိမ်ခွဲဝေပေးရင် ဒေါ်လာ တစ်သန်းခန့်ရှိရာ လိုငွေကို ပြည်ထောင်စုရံပုံငွေကနေ စိုက်ထုတ်ကျခံပေးကြောင်း NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြီးခဲ့တဲ့ရက်က တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းချေမှုန်းရေးတိုက်ပွဲတွေ၊ ပြောက်ကျား ပစ်ခတ်မှုတွေ၊ မဟာဗျူဟာ အရေးကြီး ပစ်မှတ်တွေဖြစ်တဲ့ လေတပ်စခန်း နဲ့ လက်နက်စက်ရုံ တိုက်ခိုက်မှုတွေကလည်း ကုန်ကျစရိတ် အများအပြားရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ NUG လက်အောက်ခံနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြေပြန့်ဒေသက မြို့ (၈) မြို့ ကို သိမ်းပိုက်ထားပြီး နောက်ဆုံးမြို့သိမ်းတိုက်ပွဲ အဖြစ် ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပင်လယ်ဘူးမြို့ကို  ရက်ပေါင်း ၅၀ ကျော်ကြာတိုက်ခိုက်ခဲ့ရပြီး အောက်တိုဘာလ  ၈ ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုလဲအခြေစိုက် တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ တပ်တွေဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်ကောင်စီရဲ့ သာလွန်အင်အားကြောင့် မြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရန်အတွက် ကြိုးပမ်းကြရန် မင်းအောင်လှိုင်က သူ၏အကြမ်းဖက်စစ်သည်များအား ညွှန်ကြား

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း‌တွေ တိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း မင်းအောင်လှိုင်က သူရဲ့အကြမ်းဖက်စစ်သားတွေကို  ပြောဆိုလိုက်ပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ၂ ယောက်ကို ဖယ်ရှားပေးဖို့ တောင်းဆို…

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီး နှစ်ယောက်ဖြစ်သူကို ဖယ်ရှားပေးဖို့ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ဖြစ်တဲ့…
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။