AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး Airbus ကုမ္ပဏီနှုတ်ထွက်ရေးလှုပ်ရှားမှုဟာ ၁လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဓာတ်ပုံကမ်ပိန်း ပိုစတာ (ဓာတ်ပုံ Blood Money Campaign)

ကမ်ပိန်း‌မှာ ကွန်းမန့် ကမ်ပိန်း၊ ဖိုတိုကမ်ပိန်း၊ မြေပြင်သပိတ်၊ အွန်လိုင်း ဆန္ဒပြပုံတွေနဲ့အတူ ကိုယ်နိုင်တဲ့ဘက်က အသီးသီး အားတက်သရော ၀င်ရောက် တော်လှန်တာကြောင့် သွေးစွန်းငွေ ဖြတ်တောက်ရေး လှူပ်ရှားမှုအဖွဲ့က ကျေးဇူးတင်ပြီး ပြည်သူတွေအတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဒီကမ်ပိန်းဟာ အကြမ်းဖက်စစ်အုပ်စု ၀ယ်ယူရရှိနေတဲ့ တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားတွေ၊ ဒုံးကျည်တွေနဲ့နည်းပညာတွေကို ဖြတ်တောက်ဖို့၊ အစုရှယ်ယာများ၊ ကုမ္ပဏီတွေ၊ အစိုးရတွေနဲ့ နိုင်ငံတွေကို ဖိအားပေးဖို့ AirBus2AirStrikes Campaign က အထူးရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။

ဖားကန့်မှော်လှည့်သပိတ်က အောက်တိုဘာလ ၂၉ ရက်နေ့မှာ “Airbus: Stop investing in War Crimes” “Airbus စစ်ရာဇဝတ်မှုတွေမှာ ရင်နှီးမြုပ်နှံနေတာ အဆုံးသတ်” ခေါင်းစဥ်နဲ့ သပိတ် လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြစဉ်

အကြမ်းမဖက် ဆန္ဒပြတော်လှန်ရေးကနေ  လက်နက်ကိုင် ဆန့်ကျင်တော်လှန်ရေးအဖြစ်သို့လည်းကောင်း ၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်မူဝါဒ အကောင်အထည်ပေါ်ပေါက်လာရေး၊ လူ့အခွင့်‌အရေး၊ သီးခြားကဏ္ဍစုံ လွတ်လပ်ခွင့်တွေကို ပြန်လည်ရယူဖို့ ရည်ရွယ်ချက်နဲ့ ဘက်ပေါင်းစုံ လူထုတော်လှန်ရေးကို အဆင့်ဆင့်ကူးပြောင်းလာခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရငါက ပြုလုပ်ခဲ့တဲ့ Sanctions MOGE, Do more Singapore စတဲ့ ကမ်ပိန်းတွေမှာလည်း လူထုရဲ့ အားအင်မတွေကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့တယ်လို့ Blood Money Campaign က ပြောပါတယ်။

တဆက်တည်းမှာပဲ  ယူကေ အပါအဝင် အမေရိကန်နဲ့ အီးယူ အစိုးရတွေအနေနဲ့ တုံ့ဆိုင်းနေမှုမရှိဘဲ စစ်အုပ်စု လေယာဉ်ဆီရရှိနိုင်ဖို့ ရောင်းချ၊ တင်သွင်း၊ ပို့ဆောင် ဖြန့်ဖြူးပေးနေတဲ့ ပြည်ပကုမ္ပဏီ အဖွဲ့အစည်း လူပုဂ္ဂိုလ်အားလုံးကို ချက်ချင်းထိရောက်စွာ အရေးယူပေးဖို့ မြန်မာပြည်သူလူထုနဲ့အတူ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက လူထုလှုပ်ရှားမှုပြုလုပ်စဉ်
0 Shares:
You May Also Like
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။