ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၇ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူး အောင်ဇော်ဆိုသူက အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီးက လမ်းမပေါ်မှာ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်နဲ့ အော်နေစဥ် သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်နဲ့ လိုက်အော်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်း

“သူက ဆိုင်ကယ်မှာ အသံချဲ့စက်ကြီးနဲ့ အော်ဖို့လာတာ။ သန်းခါင်စာရင်းကောက်ဖို့ ကျန်တဲ့သူတွေကို ထပ်ပြီး လာကောက်မယ်ဆိုတဲ့ အကြောင်းကို သူက လာအော်တာပါ။ လာမယ်လို့ သတင်းရထားတာကို စောင့်ပြီးရှင်းလိုက်တာပါ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲ‌ဘော်ဒူးယားက မောင်းကို ပြောပါတယ်။

အဲဒီနောက်မှာ အုပ်ချုပ်ရေးမှူးထံက လက်ပစ်ဗုံး၁လုံး၊ မိုလ်ဘိုင်းဖုန်း၁လုံး၊ ငွေသား ၅၇၀၀ကျပ်တို့ကို   သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ

သူကပဲ ဆက်လက်ပြီး “ဖြစ်သွားတာက အုတ်ဖိုတာဆုံ ရဲစခန်းနားမှာဆိုတော့ ရဲတွေက တာဝန်ပေါ့လျော့တယ်ဆိုပြီး နယ်ပြောင်းခံရတယ်လို့ သိရပါတယ်” လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ယောက်ဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့တွေနဲ့ PDFရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ထောက်​လှမ်း​သတင်းပို့တာတွေ၊ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာတွေ၊ ငွေကြေးကောက်ခံပေးတာတွေ အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာ ဦးဆောင်ပါဝင်လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်း အရေးယူလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရှင်းလင်းခံရစဉ်
သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်နဲ့ လိုက်အော်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်း
0 Shares:
You May Also Like
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဆိုကာ စစ်တပ်က လူငယ် ၄ဦးကို စစ်ကော်မရှင်က အရေးယူဖမ်းဆီး

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

မြောက်ခင်ရန်း ပျူစခန်းနှင့် မြစ်သာဆည်ပေါ် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စခန်းမှူးအပါ ၆ ဦးသေဆုံးပြီး ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် NUG အစိုးရ သတ်မှတ်၊ ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အားစိုက်ခဲ့ပေမယ့် စစ်ကောင်စီ စိုးမိုးဒေသများမှာ ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် NUG တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်  သတ်မှတ်ကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။