ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသား ၂၆ ယောက်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ၂ ရက်ဆက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကုန်ကားအောက်မှာ ပုန်းခိုလိုက်ပါလာရင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အမှတ်၂ ချစ်ကြည်ရေးတံတားမှာ ဖမ်းဆီးခံခဲ့ရသူများ (ဓာတ်ပုံ AEC TV Online)
ပုန်းခိုလိုက်ပါလာသည့် ကုန်ကား (ဓာတ်ပုံ AEC TV Online)

“နိုဝင်ဘာလ ၁၇ရက်နေ့ တာ့ခ်ခရိုင် ဖုတ်ဖရ မြို့နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး နိုဝင်ဘာလ ၁၆ရက်နေ့မှာလည်း မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ကုန်ကားအောက်မှာ ပုန်းအောင်းပြီး လိုက်လာသူ ၈ဦး ဖမ်းဆီးခံရတယ်” လို့ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက မောင်းကို ပြောပါတယ်။

ကုန်းကားအောက်ကနေတစ်ဆင့် ထိုင်းရဲများ ရှာဖွေတွေ့ရှိစဉ် (ဓာတ်ပုံ AEC TV Online)
ကုန်းကားအောက်ကနေတစ်ဆင့် ထိုင်းရဲများ ရှာဖွေတွေ့ရှိစဉ် (ဓာတ်ပုံ AEC TV Online)

“နိုဝင်ဘာလ ၉ ရက်နေ့ကနေ နိုဝင်ဘာလ၁၇ရက်နေ့အထိ ထိုင်းနယ်စပ်ဝင်ပေါက် ၆ ပေါက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ၂၀၀ ကျော်အထိ ဖမ်းဆီးခံထားရတာတွေ ရှိနေပြီး ဖမ်းဆီးခံထားရတဲ့ လူဦးရေ ၂၀၀ ကျော်ထဲမှာ ရိုဟင်ဂျာလူမျိုး ၇၀ ပါဝင်တယ်” လို့လည်း ဦးမိုးကြိုးက ဆက်ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ တရာမဝင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားက နေရပ်စွန့်ခွါပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ အလုပ်လုပ်ဖို့ သွားရောက်စဉ် ဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ထိုင်းရဲများ ရှာဖွေတွေ့ရှိ ဖမ်းဆီးမိစဉ် (ဓာတ်ပုံ AEC TV Online)
ကုန်ကားအောက်ထဲ ပုန်းခိုလိုက်ပါလာကြသူများ (ဓာတ်ပုံ AEC TV Online)
0 Shares:
You May Also Like
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

မြန်မာစစ်အုပ်စု၏ လက်နက်များ၊ လေယာဉ်ဆီအပါ စစ်ရေး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေး စီးဆင်းမှုများ ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ဖို့ ကုလတွင် ဦးကျော်မိုးထွန်း ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။