စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပတ်ဝန်းကျင်က ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နဲ့ ရေဦးမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေးပြောက်ကျားတပ်မှ မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဒေါနစစ်ကြောင်း(၃)၊ ဒေါနတပ်ခွဲ (၄) KBDF၊ ဒေါနတပ်ခွဲ (၇) LPF၊ NMSP (AD) RMA ၊ MSRF ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်မှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz မှ သတင်းထုတ် ပြန်ထားပါတယ်။
Read More

မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တော်လှန်သစ္စာ

တော်လှန်သစ္စာရဲ့ နောက်မှာ အမြဲရပ်တည်နေမယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်မှုကို မြေပြင်အရောက်ပို့ဆောင်ပေးနေပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။