စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ချောင်းဦးမြို့ပေါ်က တပ်သားတွေ ဆက်ကြေးကောက်ဖို့ ထွက်ခွာလာစဉ်မှာ မုံရွာခရိုင်၊ အမှတ် (၁၅) တပ်ရင်း၊ တပ်ခွဲ (၃) နဲ့ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄) (SEVEN PDF) တို့စောင့်ကြိုတိုက်ခိုက်ရာ ထိတွေ့မှု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒီနောက် ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းနေတယ်လို့ သတင်းရတာကြောင့် ထောင်ထားတဲ့ SPECIAL AVANGER ၄ လုံးကို ဖောက်ခွဲလိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၁ယောက် လက်ဖြတ်လိုက်ရပြီး  ၃ ယောက်ကတော့ ဆေးကုသနေရတယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ နေ့လည် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေနဲ့ မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း၊ တပ်ခွဲ ၃ (ဦးစီး-စစ်ကြောင်းမှူး) နဲ့ မုံရွာခရိုင်၊ အမှတ် (၁၂) တပ်ရင်း (တပ်ခွဲ ၃၊ တပ်ခွဲ ၄)၊ ရေနဂါး LDF (ချောင်းဦးမြို့နယ်) တို့  ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  

ဒီတိုက်ခိုက်မှုမှာတော့ တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီတပ်သားတွေကို Sniper တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာ အစပ်က ရွာတွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင် မီးရှို့ လူသတ်ခဲ့၊ ပြည်သူ ၅ထောင်နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
Read More

ရာမညမွန်တပ်တော်-RMA နှင့် TNLA တို့ မဟာမိတ်အဖြစ် ပူးပေါင်းတော်လှန်မည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။