နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။

ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းကြောင်းပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အဓိက အင်အားဖြည့်နေပြီး နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ လွိုင်ကော်ကနေ ဘောလခဲ – ဖားဆောင်းလမ်းကြောင်းကနေ ပြန်လည်စစ်ကြောင်းထိုး အင်အားဖြည့်မယ့်သဘောကို တွေ့ရှိရကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

မာဝီက “စုပေါင်းကူညီ ထောက်ပို့ကျည်” ကမ်ပိန်းအစီအစဉ်မှာ စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းလာမှု အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာပါ။

ကရင်နီပူးပေါင်းတပ်တွေဟာ ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ ၇မြို့နဲ့ စစ်ကောင်စီတပ် စခန်းကုန်း ရာဂဏန်းဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းကရင်နီ နယ်စပ် ဖယ်ခုံအနီးမှာလည်း နေ့စဉ် တိုက်ပွဲတွေပြင်းထန်လျက် ရှိနေပါတယ်။

လက်ရှိ ကရင်နီနဲ့ ရှမ်းတောင် စစ်မျက်နှာပြင်မှာ အဓိက​လှုပ်ရှားနေတဲ့ မြေပြင်တပ်ရင်းနှစ်ရင်းဖြစ်တဲ့ KNDF B-03နဲ့ မိုးဗြဲ MB PDF(1001) တို့အတွက် ခဲယမ်းလိုအပ်ချက်တွေ ရှိနေတာကြောင့် ပြည်သူတွေ ပူးပေါင်းပါ၀င်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရမှုအတွက် ၆နှစ် ကလေးငယ်အပါ ၁၆ ဦးကို ဆက်စပ်တရားခံများအဖြစ် စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

သံအမတ်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ၆နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၆ ‌ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားကြောင်း မနေ့က ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) ဖြစ်ဟု NUG ဆို၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအား အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ ဟု ခေါ်ဝေါ်သုံးစွဲခြင်းများ မပြုရန် တောင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။