စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းကနေ စတင်ပြီး အင်အား ၁၈၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်၊ ကာဘိုးအထိုင်စခန်းကနေ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလမ် ငတန်းရွာမှာ အင်အားချပြီးနောက် ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးရွာကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ တန့်ဆည်နယ်တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်ကြောင်းကလည်း အင်အား (၅၀) ခန့်နဲ့ တနယ်ရွာဘက်ကနေ စတင်စစ်ကြောင်းထိုးလာပြီးနောက်မှာ တန့်ဆည်နယ် တောင်ပိုင်းက  ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

“မနေ့က ရေဦးနယ် မြောက်ဘက်ခြမ်း ရောက်နေတဲ့စစ်ကြောင်းက ဒီနေ့မနက်မှာ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာနဲ့ တန့်ဆည်နယ်အစပ် ကလဇင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ လက်ရှိ အဲရွာတွေဘက်ကနေ မုံတိုင်ပင်ရွာထဲ ဆက်လက်ဝင်ရောက်ထားတယ်။ အင်အားက ၁၈၀ လောက်ပါတာမို့ အဖွဲ့တွေခွဲပြီး ကျေးရွာတွေကို အကြောင်းမဲ့ဝင်စီးနေကြတာ” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ မုံတိုင်ပင်ရွာနဲ့ ဆီဆုံရွာကိုလည်း မီးရှို့မှုတွေ လုပ်ဆောင်နေပြီး ကပ်လျက်ရွာတွေဖြစ်တဲ့ ရှမ်းဆိပ်ရွာမှာလည်း အဖွဲ့ခွဲကာ စစ်ကြောင်းဆက်လက်ထိုးနေတယ်လို့ဆိုပါတယ်။ 

အခုလို စစ်ကြောင်း ၂ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ရေဦးနယ်ထဲမှာ ပြည်သူ ၇၀၀၀ နီးပါး ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းနယ်ကို အကြမ်းဖက်စစ်တပ်  စစ်ကြောင်းထိုးလာချိန် ကြားဖြတ် တိုက်ခိုက်ခံရပြီး   ၃ ဦး သေဆုံး

ပဲခူးတိုင်း ၊ နတ်တလင်းနယ်ကို စစ်ကော်မရှင်တပ်စစ်ကြောင်း ထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ တာတွေရှိတယ်လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့ ဆီက သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခ ကို တော်လှန်ရေးတပ်များ ရှော့တိုက်ဒုံး အလုံး၃၀ နှင့်ပစ်ခတ်တိုက်ခိုက်၊ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီး ၁ဦးနှင့် အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဗိုလ်ကြီးအပါဝင် အများအပြား ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -CRB တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။