ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီအချိန်မှာ ဒိုက်ဦးအကျဉ်းထောင်၊ အဆောင်(၃)၊ အခန်း (၁) က ကိုထက်လင်းဦးကို အဆောင် (၁) အဆောင်မှူးဖြစ်သူ သီဟအောင် (ခ) ရခိုင်ဆိုသူက ဦးဆောင်ပြီး ထောင်ဝန်ထမ်းတွေက ဆွဲထုတ်သွားကာ ခြေကျင်းဒေါက်တွေတပ်ပြီး တိုက်ပိတ် အပြစ်ပေးတာကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

“ကိုထက်လင်းဦးက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတဲ့အပြင် ပါဆယ်ပို့ခွင့်ပါ ပိတ်ပင်ထားခြင်း ခံရကြောင်း သိရပါတယ်ဗျ။ ကျန်းမာရေးက ဆောင်းဝင်လာတဲ့အချိန်မှာ ခြေကျင်းဒေါက်တွေ ခတ်ပြီး ထားတဲ့အတွက် ကျန်းမာရေး ပိုဆိုးရွားလာဖို့ပဲ များနေတဲ့ အခြေအနေပါခင်ဗျ။” လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

ကိုထက်လင်းဦးဟာ ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရသူဖြစ်ပြီး အကျဉ်းဦးစီးက နိုဝင်ဘာ ၁၄ ရက်နေ့မှာ တိုက်ပိတ်မှုကို ရပ်တန့်ခဲ့တယ်လို့ သိရပေမယ့် PPNM က သေချာစုံစမ်းရာမှာတော့ ယာယီရပ်တန့်လိုက်ခြင်းသာ ဖြစ်ပြီး ကိုထက်လင်းဦးကို ဒေါက်ခြေကျင်းတွေနဲ့ အဆောင်အတွင်းမှာ ပတ်ပြေးခိုင်းတာတွေကို မျိုးသီဟအောင် ကိုယ်ပိုင်အမှတ်(က) ၄၉၀၀ လခဂ ရမ(၂) က စေခိုင်းနေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အာဇာနည်ဗိမာန်မှ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်…

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ (ခွဲ) စစ်သင်တန်းကျောင်း(၂) သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလအတွင်း စစ်ရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးကုသပေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁) ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သေနတ် ၂ လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၁၀၀၊ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။