မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့  အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  

ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်းဆုံ အထိုင်ကာကင်းစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲကို PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့  နိုဝင်ဘာ ၁၅ ရက်၊ မနက် ၅ နာရီ မိနစ် ၃၀ အချိန်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ Thunder Guerrilla Force (မိုးကြိုးပြောက်ကျားတပ်ဖွဲ့))
(ဓာတ်ပုံ Thunder Guerrilla Force (မိုးကြိုးပြောက်ကျားတပ်ဖွဲ့))

ကာကင်းစခန်းသိမ်းတိုက်ပွဲအတွင်း ထိတွေ့ ပစ်ခတ်မှု ၁ နာရီနဲ့ ၄၅ မိနစ် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်က  စစ်ရေးအသာစီးရရှိခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း  MA1 သေနတ် သုံးလက်၊ MA3 တစ်လက်၊  MA ကျည်ဘောက် လေးခု၊ G3 ကျည်ဘောက် တစ်ခု၊ အာပီဂျီ အဖူး သုံးဖူးနဲ့ စစ်သုံးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားအဆောက်အအုံတချို့လည်း  မီးလောင်ပျက်စီးခဲ့ရပါတယ်။

(ဓာတ်ပုံ Thunder Guerrilla Force (မိုးကြိုးပြောက်ကျားတပ်ဖွဲ့))
(ဓာတ်ပုံ Thunder Guerrilla Force (မိုးကြိုးပြောက်ကျားတပ်ဖွဲ့))
0 Shares:
You May Also Like
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ထိုင်းမှာ ဖမ်းဆီးရခံပြီး ​အကြမ်းဖက်စစ်တပ်သို့ စစ်မှုထမ်းအဖြစ် အပို့ခံရသူ တစ်ဦး ရေး ပကဖ ထံ အလင်းဝင်ရောက်လာ 

ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံရသူ အမျိုးသား တဦးဟာ မြန်မာပြည်ကို စစ်မှုထမ်းတပ်သားအဖြစ် ပြန်လည် ပို့ဆောင်ခံရပြီး ရေး (ပကဖ) ဆီကို အလင်း ဝင်ရောက်လာတယ်လို့ သိရပါတယ်။ 
Read More

ကျဆုံးရဲဘော်များကို ရည်စူးပြီး ပြုလုပ်သည့် ရေနံချောင်း PDF ၏ ဝါတွင်းကာလ ကောင်းမှုကုသိုလ် (ဓာတ်ပုံသတင်း)

၁၃၈၇ခုနှစ် ဝါတွင်းအခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ဃန်းအစရှိတဲ့ ဆွမ်းခဲဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံချောင်း PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။