Phoenix -Special Warfare Force က ထုတ်လုပ်တဲ့ Level 3 plus နဲ့  Level 4 အဆင့်ကျည်ကာပြားများ ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မောင်းကို အတည်ပြုပြောဆိုပါတယ်။

တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်တဲ့ကျည်ကာတွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး   ကျည်ကာပြားများကို 9 မီတာ အကွာအဝေးမှ MA1 & M16 တို့ဖြင့်စမ်းသပ်ပစ်ခတ်မှု့ အောင်မြင်ခဲ့တဲ့ ရုပ်သံကိုပါ အသိပေးထုတ်ပြန်လိုက်တာပါ။

Phoenix -Special Warfare Force က “ခွန်အားအပြည့်နဲ့ တော်လှန်မယ်” ကျည်ကာကမ်ပိန်းလည်း လုပ်ဆောင်လျက်ရှိပြီး ပြည်သူတွေပူးပေါင်းပါဝင် အားဖြည့်ပေးဖို့လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူများအားအနိုင်ကျင့်ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ် ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ထဲမှာ စပါးခွံနဲ့ သဲများသာ ပါဝင် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိပြီး ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခု Chin Defence Force - Mindatမှ ထုတ်ပြန်ထားပါတယ်။
Read More

ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ(ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။
Read More

စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားသည့် စစ်အုပ်စု စနိုက်ပါနှင့် ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ Falcons Guerilla Force စွန်ရဲက သတင်းထုတ်ပြန် ထားပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။