မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့တယ်လို့ Myingyan Twenty-one Guerilla Force – MTGF အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။  

ပြီးခဲတဲ့  နိုဝင်ဘာလ ၁၅ ရက်နေ့ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း တိုက်ပွဲမှတ်တမ်းကို  ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်လာတာပါ။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်း ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်း (ရုပ်/သံ)

''ငါတို့ PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မှုတွေ ရနေပြီလဲဆိုတာ ရဲဘော်တွေအားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်တယ်။ ဒီအောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ထားလို့မရဘူး။ ဒါ့ကြောင့် ၄ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ထည့်သွင်းပြောကြားလိုတယ်''
Read More

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများကို ကယ်ထုတ်နေသည့် ရုပ်သံဖိုင် ရန်ကုန်တပ်ရင်း ၅၁၀၁ ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို ရန်ကုန်တပ်ရင်း ၅၁၀၁ က ဒီနေ့ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ယောက်အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က စစ်ကော်မရှင်က ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆင်ရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။