မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ပစ်မှတ် (၇) ခုကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိပြီး Y-12 လေယာဥ်နှစ်စီး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့နယ်မှာ အခြေပြုထားတဲ့ အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံ အရာရှိရိပ်သာ၊ လေကြောင်းအတတ်သင် လေတပ်စခန်း အရာရှိအိမ်ရာတွေ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ် အရာရှိရိပ်သာတွေ၊ ရေဒါစခန်းနဲ့ အမှတ် (၉၉) ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေးဆိုင်ရာ ပစ်မှတ် (၇)ခုကို မှတ်ပုံတင် တိုက်ခိုက်တဲ့ ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးကို နိုဝင်ဘာလ (၁၁) ရက် မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တာပါ။

(ဓာတ်ပုံ Ministry of Defence -NUG)

အဲ့ဒီ Drone အထူးစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကူညီထောက်ပံ့မှု၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ နည်းပညာနဲ့ စီမံချက်တွေ ကူညီမှုနဲ့ မိတ္တီလာ (ပကဖ)၊ မိတ္တီလာ(ပကဖ) Drone အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင်  Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း (၈)နဲ့ ​အခြားအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်း ဗိုလ်မှူး (၂) ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက်ပျက်စီးကာ လေယာဥ်အပိုပစ္စည်းထားတဲ့ အလုပ်ရုံတစ်ခု မီးလောင်ပျက်စီးခဲ့သလို စစ်ဖက်ဆိုင်ရာသုံး စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Ministry of Defence -NUG)
0 Shares:
You May Also Like
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

မန္တလေးရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်မှာ အသက် ၅ နှစ်အရွယ်ကလေးနှင့် ကိုယ်ဝန်ဆောင်အပါ ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း ကယ်

မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow တပ်ဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံရ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။