စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ကာ မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က တရားဝင် ထုတ်ပြန်လာပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းမှာ စတင်ခဲ့ပြီး ၄၈ နာရီခန့်အကြာမှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ထိန်းချုပ်ကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ များစွာကြောင့် စစ်ဆင်ရေး စတုတ္ထမြောက်ရက် နိုဝင်ဘာ ၁၄ မှာ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွါပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လေကြောင်းပစ်ကူ အများအပြားကြားက အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ အဘက်ဘက်က ပြင်ဆင်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့က လေကြောင်းပစ်ကူအခေါက်ရေ (၇၀) ကျော် ပစ်ကူပေးတဲ့ကြားက ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်း BNRA က ကျဆုံးရဲဘော် ၉ ဦး၊ BNRA က ထိခိုက်ဒဏ်ရာရ ၁၀ ဦး၊ GZA က ၁ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ BNRA ပြန်ကြားရေးတာဝန်ခံ မင်းရန်မာန်က မောင်းကိုပြောပါတယ်။

(ဓာတ်ပုံ BNRA)

စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊ MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နဲ့ ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ )ဘောက် တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်တော်သား စစ်သုံ့ပန်း ၂၅ယောက် ဖမ်းမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့ အညီ ထိန်းသိမ်းထားသလို အများစုကတော့ ဘန်ကာအတွင်း လက်ပစ်ဗုံး ပစ်ထည့်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ BNRA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

 ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA ဦးဆောင်ပြီး အညာညီနောင်ဖြစ်တဲ့ Generation Z Army နဲ့ Southern Yesagyo (SYSO) တို့ ပါဝင်ခဲ့သလို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နဲ့ ချိတ်ဆက်ကာ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့တာကြောင့် အခုလို အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင်စစ်ဆင်ရေးမှာလည်း အညာညီနောင်နှစ်ဖော်ဖြစ်တဲ့ BNRA နဲ့ GZA တို့ ပါဝင်ဆင်နွှဲနေကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ အင်အားဖြည့်တင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ တိုက်ခိုက်ခံရပြီး ၁ ယောက် သေ၊ ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့အတူ ရုရှားစစ်ရေယာဉ်တွေ လာရောက်ပူးတွဲလေ့ကျင့်

စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။