NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  

ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီအထိ (၂၄) နာရီအတွင်း ကိုယ်တိုင် နှင့် RM များမှ တဆင့် နွေဦးဘဏ် အစု ရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ ဒေါ်လာ 2.2 သန်း ကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RM ဆိုတာကတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ ကိုယ်စားလှယ်အဖြစ်ထားရှိတဲ့ Retail Managar တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

ရှယ်ယာရောင်းချရမှုကြောင့် Seed Round မှာ ရင်းနှီးမြှုပ်နှံခဲ့သူများအနေနဲ့ 250 ရာခိုင်နှုန်းအထိ အမြတ်ရရှိသွားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ  SDB ဘဏ္ဍာရေးဝရဇိန်နဲ့ “ရှယ်ယာရှင်လည်း လုပ်မယ်၊  အာဏာရှင်လည်း တုပ်မယ်” ဆိုတဲ့ရည်ရွယ်ချက်နဲ့ ICO Round 2 အဖြစ် ရှယ်ယာတွေကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

ICO  အစီအစဉ်မှာ ပါဝင်ခွင့်ရသူတွေအနေနဲ့ နွေဦးဘဏ်ရဲ့ အနာဂတ်မှာ ရှယ်ယာရှင်အဖြစ်ပါဝင်ခွင့်ရခြင်း၊ ရင်းနှီးမြှုပ်နှံမှုကြောင့် တော်လှန်ရေးအတွက် အကျိုးဖြစ်ထွန်းခြင်း၊ နှစ်စဉ်အမြတ်ခွဲဝေမှု အတွက် အကျိူးခံစားခွင့်ရှိခြင်းနဲ့ အချိန်ကြာကြာထားရှိလေ တန်ဖိုးနဲ့ အကျိုးအမြတ်တိုးပွားနိုင်ကြောင်း နွေဦးဘဏ်က ထုတ်ပြန်အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ပိုင်ကျုံမြို့နယ် စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို နေ့တစ်ဝက်အတွင်း KNU သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သူ့တပ်သားများအား ခရီးသွားအသွင်ဖြင့် ဂန့်ဂေါ ခလရ ၅၀ ကိုပို့ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့တပ်သားတွေကို မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲကို ခရီးသွားအသွင်နဲ့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များဆီက သိရပါတယ်။ ယခုလ ဒီဇင်ဘာလအတွင်းမှာ ပုခုက္ကူမြို့တပ်မ ၁၀၁ အပါဝင် တခြားသောတပ်တွေဆီကတပ်သားတွေကို ခလရ ၅၀ ထဲကို ရရာနည်းလမ်းတွေနဲ့ အင်အားဖြည့်ပို့ဆောင်နေတာ ဖြစ်ပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။