နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီအခြေချတပ်စွဲရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဂိတ်စခန်းတချို့ကို ဒရုန်းမစ်ရှင်အဖြစ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒရုန်းစစ်ဆင်ရေးတွေကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ  ရွှေကျင်မြို့နယ်ထဲက နေရာ ၅ခုကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များပြားနိုင်ကြောင်း သိရပါတယ်။

(ဓာတ်ပုံ Nighthawks)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းမှာ ဆိပ်ခွန် စစ်ကောင်စီစခန်းကိုလည်းကောင်း၊ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းမှာ ‌ကျောက်တန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းကောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ နိုဝင်ဘာလ ၁ ရက် မနက်အစောပိုင်း ၁ နာရီ ၊ နိုဝင်ဘာလ ၂ ရက် မနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ် နဲ့ နိုဝင်ဘာလ ၄ ရက် နေ့လည် ၁ နာရီ အချိန်တို့မှာ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာနဲ့ စစ်ကောင်စီအခြေစိုက်ရာ တခြားနေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို KNLA ပူးပေါင်းတပ်ဖွဲ့နဲ့အတူ KNLA Nighthawks အဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNLA Nighthawks အဖွဲ့ဟာ ရွှေကျင်ဒေသထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်ပကဖရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အပတ်စဥ် က/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို‌ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။