စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။

ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းအမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တပ်စိတ်(၁) 5/Fighter (Monywa) နဲ့ နယ်ခံကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်မှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က ပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်လာ ၁၁ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွါး၊ စစ်သားအများအပြားသေဆုံးပြီး ဒရုန်း ၂ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း၏ စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က နေ့ခင်းကြောင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။