တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ကျောက်နီမော်ကျေးရွာအောက်ပိုင်းအောက်ကျောက်ဝပ် ၊ ညောပြင်ကျေးရွာတွေဆီ နိုဝင်ဘာလ ၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့် စစ်ကြောင်းထိုးခဲ့တယကြောင့် နိုဝင်ဘာလ ၆ ရက်မှာ မိုက်ခရိုဝိတ်တာဝါတိုင်စခန်းနဲ့ နိုဝင်ဘာလ ၁၁ ရက်မှာ စစ်တပ်စခန်းချရာ စီမံကိန်း ရုံးတို့ကို လောင်းလုံး PDF က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တာချီလိတ်တွင် ယာဥ်တိုက်မှုအပြီး မောင်းပြေးသည့်ကားကြောင့် သားအမိ ၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။