မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ပခုက္ကူမြို့အရှေ့မြောက်ဘက်က နှောကုန်းကျေးရွာကို ပခုက္ကူ တပ်မ ၁၀၁ နဲ့ ပျူရွာတွေထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် နှောကုန်းကျေးရွာအတွင်းက နေအိမ်အလုံး ၁၈၀ ကျော်အထိ မီးလောင်ပျက်စီးခဲ့တဲ့အပြင် အဲ့ဒီစစ်အုပ်စုဟာ ရွာခံ အမျိုးသမီးတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
” သိရသလောက် က​တော့ အဘွားအိုကို မီးထဲရှို့သတ်ခဲ့ပြီး ကျန်တဲ့မိန်းကလေးနှစ်ယောက်ကိုတော့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်အုပ်စုတွေဟာ နှောကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးတဲ့နောက်မှာတော့ ရွှေတန်းတစ်ရွာနဲ့ ဆင်မင်းရွာတွေထဲ ဝင်ရောက်တပ်စွဲနေတယ်လို့လည်း သိရပါတယ်။
” ဒီကောင်တွေက ရွှေတန်းတစ်တို့ ဆင်မင်းတို့ ကမွန်းခါးတို့တွေထဲဝင်နေပြီးရွာစဥ်ပက်မွှေနေတာပါ။ ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းအန္တရယ်ကြောင့်ရွှေတန်းတစ်၊ နှောကုန်း၊ ဆင်မင်း၊ ကွမ်း၊ ဒေါင်းစား၊ ကမွန်းခါးစတဲ့ ကျေးရွာပေါင်း၁၅ရွာက အရပ်သားထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရသည့် နှောကုန်းကျေးရွာမြင်ကွင်း
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းထဲက မြို့နယ်တွေရဲ့ နေရာတချို့မှာ အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေကို ကင်းချပြီး သန်းခေါင်စာရင်း ကောက်ခံနေ

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။