ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကူဆိပ်စခန်းကို နိုဝင်ဘာလ ၆ ရက်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီစခန်းက ထွက်ပြေးလွတ်မြောက်သွားသူတွေက မထောစခန်းကအကြမ်းဖက်စစ်တပ်နဲ့ သွားရောက်ပူးပေါင်းနေတာဖြစ်ပါတယ်။
အဲ့ဒီစစ်ကောင်စီ မထောစခန်းကို နိုဝင်ဘာလ ၁၃ ရက်ကစလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေတော့ ဖြစ်နေတယ်၊ ကူဆိပ်စခန်းကထွက်ပြေးသွားတဲ့ကောင်တွေက မထောစခန်းမှာရှိတဲ့သူတွေနဲ့သွားပေါင်းပြီး အခုမထောစခန်းကို တိုက်တဲ့အချိန်မှာ သူတိုပါလာတော့ ခန့်မှန်းထားတဲ့အင်အားထက်များလာနေလို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာနေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲတွေကတော့ ဖြစ်ပွားနေတာပဲ ဒီကြားထဲအကြမ်းဖက်စစ်တပ်ရဲ့ လှုပ်ရှားမှု့တွေကို စောင့်ကြည့်ပြီး ကြားဖြတ်တိုက်ခိုက်မှုတွေလည်း ရှိနေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ကူဆိပ်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။
ပုံစာ – ကူဆိပ်စခန်းတိုက်ခိုက်မှုမှာ ရရှိခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ခဲယမ်းနဲ့သိမ်းဆည်းရမိတဲ့ ကူဆိပ်စခန်းကုန်းပုံ
0 Shares:
You May Also Like
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား နန်းတွင်းစစ်ကြောရေးတွင် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။