အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးနဲ့ စစ်‌ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ယောက်အနက် (၁) ယောက်ကို ရာထူးက ထုတ်ပယ်ခြင်း၊ (၂) ယောက်ကို တာဝန်ကနေ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ယောက်ကို စာနဲ့ သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ် တည်ဆောက်နေတာကြောင့် လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေရာ မျှတတဲ့ တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။