ကရင်ပြည်နယ်၊ ဘားအံမြို့က မွေးမြူရေးဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံ အဆောက်အဦးပေါ်ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်ဦး ၂ လုံးနဲ့ ကား၁စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွေးမြူရေးဇုန်က နတ်သြဇာ မြေသြဇာစက်ရုံရှိဝန်ထမ်းအိမ်ရာရဲ့ အိမ်ခေါင်မိုးပေါ် မီးပုံးပျံ ကျခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။
“မွေးမြူရေးဇုန် မီးလောင်တာဆိုလို့ သွားကြည့်တာ မီးပုံးပျံ ပြုတ်ကျပြီး မီးလောင်တာ၊ မီးသတ်တွေရောက်လာပြီး မီးငြှိမ်းသတ်နိုင်ပေမဲ့ အဆောက်အဦး ၂ လုံးနဲ့ ကားတစ်စီးကတော့ မီးလောင်တဲ့အထဲ ပါသွားတယ်” လို့ စက်မှုဇုန်အနီး နေထိုင်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ည ၈ နာရီမထိုးခင်လေးတင် ဖြစ်တာ၊ လူထိခိုက်မှုတော့ မရှိဘူး၊ အဆောက်အဦး ၂ လုံးနဲ့ ကားတစ်စီးကတော့ မီးလောင်သွားပြီး၊ ဘယ်ကလွှတ်တင်လိုက်တဲ့ မီးပုံးပျံမှန်း မသိဘူး” လို့ ၄င်းက ဆက်ပြောပါတယ်။
မနေ့ညကလည်း အလားတူ မီးပုံးပျံပျက်ကျမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဖက်ကမ်းမှာရှိတဲ့ Inle Princess Resort ဟော်တယ်တစ်ခုလုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မာဃလူမှုရေးပရဟိတအသင်း
0 Shares:
You May Also Like
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။