ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာကို နိုဝင်ဘာလ (၁၁) ရက် ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၄၃၉)က တိုက်ပွဲမဖြစ်ပွားဘဲ ‌ဒရုန်းနဲ့ (၃)ကြိမ်ခန့် ဗုံးသီးချတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြူးမြို့နယ်၊ မြက်နီကွင်းကျေးရွာကို နိုဝင်ဘာလ (၁၂)ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး (၃)လုံးကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေးအရရှုံးနိမ့်ကာ နယ်မြေစိုးမိုးနိုင်စွမ်း မရှိတော့တာကြောင့် အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

MDY-PDF က သပိတ်ကျင်းမြို့နယ်၊ ကျေးရွာ (၆) ရွာကို ဆန်အိတ် (၃၀၀)နဲ့ ကျပ်သိန်း (၅၀၀) ထောက်ပံ့ လှူဒါန်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာကျေးရွာ ၆ ရွာက အရပ်သားပြည်သူတွေအတွက် ဆန်အိတ် (၃၀၀)နဲ့ အတူ ငွေကျပ်သိန်း(၅၀၀)ကို မတည်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။