အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးနဲ့ စစ်‌ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ယောက်အနက် (၁) ယောက်ကို ရာထူးက ထုတ်ပယ်ခြင်း၊ (၂) ယောက်ကို တာဝန်ကနေ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ယောက်ကို စာနဲ့ သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ် တည်ဆောက်နေတာကြောင့် လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေရာ မျှတတဲ့ တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

MDY-PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး အယောက် ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရန် ရွှေဘို-မန္တလေး လမ်းမပေါ်တွင် လှုံ့ဆော်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမပေါ်မှာ သွားရောက် ချိတ်ဆွဲစိုက်ထူခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က မမှန်ကန်သည့် အချက်အလက်များဖြင့် ကျားဖြန့်တွင် DKBA နှင့် KNU ကို ပူးပေါင်းညိစွန်းနေဟန် ပုံဖော်နေဟု KNLA ပြော၊ စစ်တပ်က သူ့လုပ်ရပ်များ ပေါ်မှာစိုး၍ KNU ကို အသည်းအသန် တိုက်ခိုက်နေဟု ဆို

စစ်တပ်ဟာ သတင်းအချက်အလက်အမှားတွေနဲ့အတူ အွန်လိုင်းငွေလိမ်းလုပ်ငန်းတွေမှာ DKBA နဲ့ KNU တို့ ပူးပေါင်းလုပ်ဆောင်နေဟန် ပုံဖော်နေပြီး ဒါဟာ စစ်အုပ်စုက သူတို့ လုပ်ကိုင်နေသမျှတွေ ပေါ်လာမှာစိုးတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။