ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ချင်ညီနောင် (CB) အဖွဲ့ဝင်တွေ အနေနဲ့ ချင်းပြည်ကောင်စီ (CC) တို့ကြား ပဋိပက္ခဖြစ်စေနိုင်တဲ့ ကိစ္စရပ်တွေကို ကြားခံအဖွဲ့အစည်းတွေရဲ့ ကြားဝင်ညှိနှိုင်းမှုတွေကြောင့် ဒီနေ့ထိတိုင် လေးစားလိုက်နာပေမယ့် (CC) အဖွဲ့တွေက လိုက်နာခြင်းမရှိဘဲ (CB) အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တပ်ချခြင်း၊ လက်နက်/လူအင်အားဖြည့်တင်းခြင်း၊ ပြည်သူတွေကို ငွေဖြင့်စည်းရုံးခြင်း၊ (CB) တပ်ဖွဲ့ဝင်တွေကို ရန်ရှာခြင်း၊ ဖမ်းဆီးခြင်း၊ ပြည်သူတွေကို အလန့်တကြားဖြစ်အောင် သေနတ်တွေ ပစ်ဖောက်ခြင်းတွေအပြင် လူမှုကွန်ယက်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဝေဖန်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကြားခံအဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ သဘောတူညီချက် (၅) ခုရှိပါတယ်။ အဓိကအချက်ကတော့ အချင်းချင်းကြားမှာ နိုင်ငံရေးအရ အဖြေရှာဆွေးနွေးမှုကို လိုလားတယ်…လက်နက်နဲ့ ဖြေရှင်းတာမျိုး မလုပ်ဖို့ပါ။ ပြီးတော့ မိမိတို့နယ်မြေအတွင်း ခွင့်ပြုချက်မရှိပဲ နယ်မြေကျူးကျော်ပြီး အခွန်ကောက်ခြင်း၊ စခန်းချနေထိုင်ခြင်း၊ စစ်ရေးဖော်ဆောင်ခြင်းကို တားမြစ်ထားတာဖြစ်ပါတယ်။” လို့ ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါပေမယ့် ချင်းပြည်ကောင်စီတပ်ဖွဲ့တွေက နှစ်ဖက်သဘောတူညီချက်တွေကို မလိုက်နာဘဲ နယ်မြေကျူးကျော်ပြီး စခန်းချတာတွေ၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုတွေကို လုပ်နေတယ်လို့ သူကဆိုပါတယ်။
ရောဘတ်ကပဲ ဆက်လက်ပြီး “ ချင်းညီနောင်နယ်မြေအတွင်း စည်းရုံးရေးလုပ်ပြီး မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ ပြည်သူလူထုကို လိမ်လည်မှုတွေလည်း ရှိပါတယ်။ ဥပမာ CC နဲ့ ပူးပေါင်းရင် ငွေကြေးဘယ်လောက် ထောက်ပံ့မယ်၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်စသဖြင့် မက်လုံးပေးပြီး စည်းရုံးတာပါ။” လို့ ပြောပါတယ်။
CC တပ်ဖွဲ့ဝင်တွေဟာ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်တဲ့ Maraland Defence Force ( MDF) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မရာနယ်မြေအတွင်းကိုလည်း စားနပ်ရိက္ခာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေ ဆင်းရဲ ဒုက္ခခံစားနေရပြီး ပင်တီရွာက ရွာသား (၂) ယောက်ကိုလည်း MDF နဲ့ အဆက်သွယ်ရှိတယ်ဆိုကာ အပူပေးထားတဲ့ သံလုံးတွေနဲ့ ရိုက်နှက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် CC တပ်ဖွဲ့ဝင်တွေက MDF စခန်းရှိရာနေရာတွေကို Drone တွေနဲ့ ထောက်လှမ်းပြီး ဗုံးသီးကြဲတာတွေ၊ ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် CC တပ်ဖွဲ့ဝင်တွေနဲ့ MDF တပ်ဖွဲ့ဝင်တို့ကြား (၂) နာရီခန့် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“တော်လှန်ရေးဖွဲ့အချင်းချင်း အခုလိုမဖြစ်သင့်တာ အမှန်ပါ။ အဓိက အကြောင်းအရင်းကတော့ စစ်အာဏာရှင် စကစက တနိုင်ငံလုံး သူ့လက်အောက်မှာ ထားချင်သကဲ့သို့ မိမိတို့ပြည်နယ်မှာလည်း တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားတန်ဖိုးထားမှုမရှိပဲ အာဏာရှင်ပုံစံနဲ့ CNA/CC က တော်လှန်ရေးအဖွဲ့တွေ အကြား ဗိုလ်ကျစိုးမိုးပြီး အုပ်ချုပ်ချင်တာကြောင့် အခုလိုမျိုးဖြစ်သွားတယ်လို့ပဲ မြင်ပါတယ်။” လို့ ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်က ဆိုပါတယ်။
ဒါကြောင့် CNF/CNA လက်အောက်ခံ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့ဝင်တွေ အနေနဲ့ ချင်းပြည်စည်းလုံးနေရးနဲ့ ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လိုလားပါက အခုလို ချင်းညီနောင်စစ်ဆင်ရေးကာလအတွင်းမှာ နှောက်ယှက်ကျူးလွန်မှုတွေကို ရပ်တန့်ပေးပြီး နှစ်ဖက်သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ ချင်းညီနောင်ကနေ တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီး ချင်းညီနောင်နယ်မြေကို ကျူးကျော်ကာ ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း သွေးထွက်သံယိုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေပါက ချင်းညီနောင် (CB) အနေနဲ့ လိုအပ်သလို ကိုင်တွယ် အရေးယူမှာဖြစ်ကြောင်းကို ချင်းညီနောင်က သဘောထား ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အဆိုပါ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် သဘောထားမှတ်ချက်ပေးဖို့ Chinland Council ကို ဆက်သွယ်ခဲ့ပေမယ့် အခုသတင်းတင်ချိန်အထိ
ဆက်သွယ်နိုင်ခြင်းမရှိပါဘူး။
0 Shares:
You May Also Like
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ရဲတချို့ ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်လာ ၂၈ ရက် မနေ့ညက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲ ၃ယောက်နဲ့ ရဲမိသားစုဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင် အရေးပေါ်ကယ်ဆယ်ရေးငွေများကို ရွေးကောက်ပွဲ ပြုလုပ်ရန် အလွဲသုံးစားပြုလုပ်နေဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ ထုတ်ပြန်…

"ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မယ့် စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူနှင့် အတူတကွ ဆန့်ကျင်ကြပါစို့" လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။