မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ သန်းခေါင်ယံအချိန်မတိုင်ခင် ၂ နာရီအတွင်း မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက လယ်ဦးရပ်ကွက်နဲ့ လူးထရပ်ကွက်တို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် သေဆုံးပြီး ပြည်သူ ၁၂ ယောက် ဒဏ်ရာရကာ ‌နေအိမ်နဲ့ ဘုရားရှိခိုးကျောင်းတွေ ပျက်စီးခဲ့သလို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက Infograph နဲ့ ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

စစ်သုံ့ပန်းဟောင်း စစ်ကိုင်းတိုင်း စစ်တိုင်းမှူး မျိုးမင်းထွေး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မယ်သမီခီး (ထီးခီး) ကျေးရွာကို စစ်အုပ်စု ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။