တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ LLPDF)
(ဓာတ်ပုံ LLPDF)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ  ၉ ရက်နဲ့ ၁၁ ရက်တွေမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး ကျဆုံးခဲ့ရတဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ဂျက် ၊ ရဲဘော်ဒိုးလုံး ၊ ရဲဘော်ရမ်ဘိုနဲ့ ရဲဘော် Fire တို့အပြင် နွေဦးတော်လှန်ရေး(၄)နှစ်တာ ကာလအတွင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံး(ပကဖ) က ရဲဘော် အယောက် ၂၀ အပါအဝင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းအပေါင်းတို့ကို ရည်စူးပြီး နိုဝင်ဘာ ၁၁ ရက်တွေမှာ သံဃာတော်တွေကို (၁) နှစ်ပြည့် ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုကပ်လှူကာ ကုသိုလ်ပြုအမျှတမ်းဝေခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ LLPDF)
(ဓာတ်ပုံ LLPDF)
(ဓာတ်ပုံ LLPDF)
0 Shares:
You May Also Like
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။