စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်လာ ၁၁ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှာ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်က အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ကျေးရွာတွေဘက်ကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ  ပုလဲမြို့ကို လေယာဉ်နဲ့ အင်အား ၁၀၀ ‌ကျော် ပို့ဆောင်ခဲ့ပြီး ‌ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။
Read More

ရက်ရှည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ ဇန်နဝါရီ ၅ ရက်ကနေ ၁၉ ရက်အထိ ရက်ရှည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက မြေပြင်၊ ဝေဟင် စစ် ကြောင်းနဲ့ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား ၁ ယောက်ကို သွားရောက် ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား မျိုးမင်းအောင် ကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers ထံက သိရပါတယ်။
Read More

ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ(ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။
Read More

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဥပဒေအထက်မှာ မည်သူမျှရှိမနေစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။