မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၁၄ရက်၊ မနေ့က မနက်အစောပိုင်းမှာ ပခုက္ကူမြို့ အနောက်​မြောက်ဘက်မှာရှိတဲ့ အနောက်ဘုန်းကန် ပြည်သူ့စစ်ကျေးရွာထဲကို တော်လှန်ရေးတပ်တွေက ရော့ကတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဝင်နေသည့် Cobra One နဲ့ မဟာမိတ်တပ်ဖွဲ့များ (ဓာတ်ပုံ Cobra One) Pakokku

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇော်ဦးနဲ့ စစ်တပ်အရာရှိ နေထိုင်တဲ့ အဆောက်အဦးရှေ့နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရှိရာဆီ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

“အဲ့ရွာမှာက ပြည်သူ့စစ်(ပျူ) တွေနဲ့သူတို့မိသားစုတွေပဲ နေထိုင်တာပါ။ အခြားပြည်သူတွေကတော့ သူတို့လုပ်ရပ်တွေ မကြိုက်ကြတာကတစ်ကြောင်း၊ PDF တွေလာတိုက်ရင် အချောင်ထိမှာကြောက်ကြတဲ့အတွက် အစောပိုင်းကတည်းက ထွက်သွားကြပါပြီ။ အခုလက်ရှိလည်း ဒီကောင်တွေက အင်အားက သိပ်မရှိကြတော့ဘူးဗျ။ စခလေးငါးယောက်နဲ့ ရွာခံပြည်သူ့စစ်တွေရယ်ဆို စုစုပေါင်း ၃၀တောင်မကျော်လောက်တော့ပါဘူး။” လို့ Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကို ပြောပါတယ်။

တိုက်ပွဲဝင်နေသည့် Cobra One နဲ့ မဟာမိတ်တပ်ဖွဲ့များ (ဓာတ်ပုံ Cobra One)

တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ ရော့ကတ်ဗုံးတွေ ပြည်သူ့စစ်တွေဆီ ကျရောက်ပေါက်ကွဲတဲ့အတွက် ပျူခေါင်းဆောင်ဖြစ်သူ မင်းဇော်ဦးနဲ့ အရာရှိတို့ ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ပစ်တာခံရတော့ ရွာရဲ့အရှေ့ဘက်ကို ချက်ချင်းပဲ ထွက်ပြေးသွားပြီး အကာအကွယ်ယူ ရှောင်နေတယ်ပေါ့။ အဲ့ဒီကနေ ကျနော်တို့တည်နေရာကိုမသိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ ဒီကောင်တွေဘက်ကလည်း သေဆုံးတာမျိုးတော့မရှိပေမယ့် ထိခိုက်ဒဏ်ရာတော့ ရကြပါလိမ့်မယ်” လို့ Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို COBRA ONE Pakokku နဲ့အတူ BA-NYEIN Guerrilla Force ၊ Thu Yin tr အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးမဟာမိတ်တပ်များ၏ ရော့ကတ် (ဓာတ်ပုံ Cobra One) Pakokku

ဒါ့အပြင် နိုဝင်ဘာ ၁၄ရက် အဲ့ဒီနေ့ကပဲ ပခုက္ကူမြို့ အရှေ့မြောက်ဘက်ပိုင်းမှာရှိတဲ့ နှောကုန်းရွာကို ပခုက္ကူတပ်မ ၁၀၁ အကြမ်းဖက်စစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် အလုံး၂၀၀နီးပါး မီးလောင်ပျက်စီးပြီး ရွာခံအမျိုးသမီး၃ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသမှုခံယူရာမှ မိခင်ဌာနေသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းမှာ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု AAPP ထုတ်ပြန်

ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

အမရပူရတွင် စစ်တပ်အလိုကျ ပြည်သူဆီက စစ်မှုထမ်းကြေး ကောက်ခံနေသည့် ရာအိမ်မှူး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရာအိမ်မှူး ဦးယုကြိုင် ဆိုသူဟာ စစ်ကော်မရှင်အလိုကျ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးကောက်ခံပေးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အမရပူရမြို့နယ် ပလဖ ထံက သိရပါတယ်။
Read More

NCA က စက္ကူစုတ် မဟုတ်ကြောင်း ဇော်မင်းထွန်းတုံ့ပြန်၊ တိုင်းရင်းသားလက်နက်ကိုင်များ မဖြစ်နိုင်တာ လျှောက်မလုပ်ကြဖို့ မင်းအောင်လှိုင် ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ စက္ကူစုတ် မဟုတ်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပြန်ပါတယ်။ 
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။