မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းရဲ့ စစ်ကြောင်း ၃ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အများအပြားသေခဲ့ပြီး ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ကာ ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် MBT ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တွေ ခဲယမ်းပြတ်တောက်မှုကြောင့် ကွမ်းစိုက်ကျေးရွာကနေ ဆုတ်ခွာခဲ့ရပြီး အခုချိန်ထိ နှစ်ဘက်စစ် ရေးတင်းမာလျက်ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ကူရွာကျေးရွာမှာ ပြည်သူ ၃ ယောက်နဲ့ ကွမ်းစိုက်ကျေးရွာက ပြည်သူ ၁ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

ရေဖြူတွင် ပစ္စည်းခိုး မီးရှို့နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သားအများအပြား သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပစ္စည်းခိုးယူ မီးရှို့ဖျက်ဆီးနေတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျည်ကာကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ တောင်ညိုတပ်ရင်း မေတ္တာရပ်ခံ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျပ်သိန်း ၁၀၀၀ ကျည်ကာ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ တောင်ညိုတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။