စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်လည်ဆုတ်ခွါပေးထားရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နောက်ဆုံးခံတပ်လို့ ဆိုကြတဲ့ နေရာကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ဖို့ ကြိုးစားချိန်မှာ စစ်ကောင်စီက အဲဒီနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“အလုံးစုံ ပြန်ဆုတ်ပေးထားတာမဟုတ်ဘူး။ လေယာဥ်အဓိက ဗုံးကြဲတဲ့နေရာတွေကိုသာ ပြန်ဆုတ်ပေးထားတာ။ အကြမ်းဖက်စစ်တပ်က သူတို့ခံတပ်တွေ လုပ်ထားတဲ့နေရာတွေကို ဗုံးပတ်ကြဲနေတာ။ လေယာဉ်က သူတို့ခံတပ်ကို သိမ်းခါနီးမှ ဗုံးလာကြဲလို့ တိုက်ပွဲက ပြင်းထန်ပြီး ခံတပ်နားကပြန်ဆုတ်ပေးရတာ။ လေယာဥ်ဗုံးထိတဲ့ ရဲဘော်တစ်ယောက်ဆိုရင် တစစီဖြစ်သွားတာ” လို့ BNRA စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေဟာ နိုဝင်ဘာ ၁၁ ရက်ကစလို့ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ နေရာအတော်များများကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်တပ်ဘက်က အသေအဆုံးတွေ ရှိသလို အရှင်ဖမ်းဆီးရမိထားတာတွေလည်း ရှိပါတယ်။ MA2 ၊ MA1 နဲ့ အတိုတွေလည်း ရထားတယ်။ သူတို့ခံတပ်က အရာရှိအဆင့်လည်း ဒဏ်ရာတွေတော့ ရထားတာရှိတယ်” လို့ BNRA စစ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ခံတပ်နေရာကလွဲပြီး ကျန်တဲ့နေရာတွေကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့ပေါ်အပါအဝင် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မန်ကျည်းခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း၊ ရိုးရွာစတဲ့ ကျေးရွာပေါင်း၁၂ရွာ၊ အိမ်ထောင်စု၂၁၂၀ စုက အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ဒေသခံပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။