မြန်မာနိုင်ငံက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေထဲမှာ နာမည်ကြီး ဖြစ်တဲ့ ရွှေနိုင်ငံ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေရေးလုပ်ငန်းကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ရွှေနိုင်ငံ စာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်းရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတယ်လို့ နိုဝင်ဘာ ၁၄ ရက်ထုတ် သတင်းစာမှာ ဖော်ပြလာပါတယ်။

ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နဲ့ ပုဒ်မ ၁၈ တို့ကို လိုက်နာဖို့ ပျက်ကွက်ကြောင်းတွေ့ရှိတယ်ဆိုပြီး ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေးယူတဲ့ ပုဒ်မကိုသာ ဖော်ပြထားပြီး အရေးယူတဲ့ အကြောင်းအရင်းကိုတော့ တိကျစွာ ဖော်ပြထားခြင်းမရှိပါဘူး

ရွှေနိုင်ငံ၏ နာမည်ကျော် ပြက္ခဒိန်

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ထုတ်ပြက္ခဒိန်မှာ အများပြည်သူ ရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြမှုနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတချို့ကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို သတိပေးမှုတွေထဲမှာ ရွှေနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် မှားယွင်းဖော်ပြမှုနဲ့ စစ်ကောင်စီက ပုံနှိပ်လုပ်ငန်း ၅ခုထက်မနည်းကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ စာပေထုတ်ဝေရေးလုပ်ငန်းတချို့ကို မကြာခဏ အရေးယူလျက်ရှိနေပြီး တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချခွင့်တွေကို ပိတ်သိမ်းလျက်ရှိနေပါတယ်။

မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း Destiny Book House ကထုတ်ဝေပြီး စာရေးသူ မဟူရာရေးသားတဲ့ 1500 miles To you ဆိုတဲ့ စာအုပ်ကို ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ကာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်တွေ လုံး၀ကျဆင်းသွားပြီး အမျိုးသားရေးယဉ်ကျေးမှုဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာကာ စစ်ကောင်စီက အကြောင်းမဲ့ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ စာပေအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြထားကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို နိုင်ငံရေးအာဏာ အကန့်အသတ်မရှိ ပေးအပ်လိမ့်မည်ဟု KNU ဥက္ကဋ္ဌ ပြော

စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရန် MDY PDF ဖိတ်ခေါ်၊ အမှန်တကယ် စစ်တိုက်ရန် တပ်ဆင်ပံ့ပိုးနိုင်ရေး အပြည့်အဝ တာဝန်ယူသည်ဟု ဆို

တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ခန့်ကို ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။