မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံမှာ တပ်​ဖြန့် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဒီနေ့ မနက်ပိုင်းမှာ အချိန် ၃ နာရီအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အထိုင်ချတပ်စခန်းနဲ့ လက်နက်ခဲယမ်းတချို့အပါ အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ မင်းဘူးခရိုင် တပ်ရင်း ၅ ရဲဘော်များ

တော်လှန်ရေးတပ်တွေ စတင်ဝင်ရောက်စီးနင်းချိန်ကစလို့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားရာနေရာကနေ ဆီဆိုင်တစ်ဆိုင်ကို RPG နဲ့ ပစ်ကာ ဆင်ဖြူကျွန်းဘက် ဦးတည်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေက စခန်းနဲ့ လက်နက်ခဲယမ်း အသုံးအဆောင်တွေကို သိမ်းဆည်းပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ၊ ဒေါင်းစစ်အောင်တပ်ဖွဲ့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၁၆)ဦးကို ထောင်တွင်း လူစုလူ‌ဝေးပြုလုပ်မှု စွပ်စွဲအကြောင်းပြချက်ဖြင့် ဒေါက်ခတ်တိုက်ပိတ်ထား…

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၆) ယောက်ကို ထောင်တွင်းမှာ လူစုလူဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကျဉ်းထောင်အာဏာပိုင်တွေကနေ တိုက်ပိတ်ပြီး ခြေချင်းဒေါက်တွေပါ ခတ်ကာ ပြစ်ဒဏ်ပေးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။