စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆီ ဓားစာခံတွေနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ ဒုတပ်ကြပ် ၁ယောက် အပါအဝင် အများအပြားထိခိုက်သေဆုံးကြောင်း Ba Thu Kyawal Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၁၃ရက် မနက်ပိုင်းက ဘုတလင်မြို့နယ်ကနေ မုံရွာ နမခဆီ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ယင်းမာပင်ခရိုင် အမှတ် ၉တပ်ရင်းရဲ့ တပ်ရင်းရုံးစစ်ကြောင်းနဲ့အတူ Bal Thu Kyawal Column တို့က မိုင်း၁၀လုံးခွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒုတပ်ကြပ် ဇော်ဝင်းအောင်ဆိုသူအပါအဝင် အများအပြား ထိခိုက်သေဆုံးပြီး နမခဆီ ဆုတ်ခွာသွားကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလည်း ပြန်ရွေးခိုင်းပြီး လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာ ရှေ့ဆုံးကနေ တိုးလာတဲ့အဖွဲ့နဲ့ဖြစ်တာပါ။ ဓားစာခံတွေက စစ်ကြောင်းရဲ့အလယ်နဲ့ နောက်ဆုံးမှာပါတာပါ။ ဒါကြောင့်အခက်အခဲမရှိခဲ့ပါဘူး။ အဲ့ရှေ့တိုးလာတဲ့အဖွဲ့ကလည်း မြင်ရသလောက်ဆို တော်တော်များပါတယ်။ လမ်းမပေါ်ကို အုံလိုက်ကျင်းလိုက် တက်လာတာ အယောက် ၇၀လောက်ရှိမယ်ဗျ။” လို့ Ba Thu Kyawal Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “လက်ရှိ တပ်ဆေးရုံထဲမှာ ပုလဲဘက်က ထိပြီး ရောက်လာတာတွေရော ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး ရောက်လာတာတွေရောဆိုတော့ ထိခိုက်သေဆုံးအတည်ပြုပေးဖို့ခက်ပါတယ်။” လို့လည်းပြောပါတယ်။

ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို ပတ်မွှေပြီး မီးရှို့၊လူသတ်၊ မုဒိန်းကျင့်ခဲ့တဲ့စစ်ကြောင်းဟာ လက်ရှိမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ ပုလဲမြို့ကိုလည်း စစ်ကူပို့ထားကြောင်း သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် အရပ်သားအများအပြား ရက်ရက်စက်စက် အသတ်ခံခဲ့ရသလို အမျိုးသမီးတွေလည်း အတင်းအဓမ္မပြုကျင့်ခံရတာတွေ၊ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်​ခံရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ Non CDM ပညာရေးဝန်ထမ်းတွေကို သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုမယ်

"CDM မလုပ်ခဲ့ကြဘူးဆိုပေမယ့် CDM လုပ်သွားကြတဲ့ ဝန်ထမ်းအားလုံးကို လေးစားပါတယ် ၊ အနှောင်အဖွဲ့မရှိပဲ လုပ်နိုင်ကြလို့လည်း အရမ်းဂုဏ်ယူရပါတယ်၊ ရင်ထဲကပဲ အားကျရုံပါ၊ တကယ်တန်း သူတို့တွေလောက် သတ္တိမရှိဘူး၊ အနှောင်အဖွဲ့တွေလည်း များတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရတော့မှာပဲ" လို့ အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။
Read More

KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့ အပတ်စဥ် (၃) သင်တန်း ပြုလုပ်ပြီးစီး (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းတိုက်ဖျက်ရေး (SSTF) ရဲ့ အပတ်စဥ် (၃) သင်တန်းပြီးစီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီက သိရပါတယ်။