စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုမျိုး AA ပါဝင်တိုက်ခိုက်နေတယ်ဆိုဟာ ကောလဟာလ ဖြစ်ပြီး တကယ့်မြေပြင်မှာ ပါဝင်နေခြင်း မရှိဘူးလို့ BNRA ပြန်ကြားရေးဌာနက မောင်းကို ပြောပါတယ်။

“ပုလဲမြို့တွင်း စစ်ဆင်ရေးကို နိုဝင်ဘာ၁၁ရက်နေ့ကနေ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်ပြီး ညီနောင်မဟာမိတ်တချို့နဲ့ စစ်ဆင်ရေးပြုလုပ်နေတာ ရှိပါတယ်။ ခုလိုစစ်ဆင်ရေးကာလအတွင်းမှာ တိကျခိုင်မာမှုမရှိတဲ့ သတင်းရင်းမြစ်တွေကနေ အာရက္ခတပ်တော် AA မှ ပူးပေါင်းတိုက်ခိုက်နေတယ်ဆိုတဲ့ ကောလဟာလသတင်းမှားတွေကြောင့် စစ်ကောင်စီကနေ စစ်ရေး ပိုမိုဖိအားပေးလာတာရှိပါတယ်။ ပြည်သူတွေအပေါ်မှာလည်း မလိုလားအပ်တဲ့အန္တရာယ် ကျရောက်လာနိုင်တဲ့အတွက် ဒီကောလဟာလတွေဟာ သတင်းမှားဖြစ်ကြောင်း သတင်းတင်ပေးဖို့ မီဒီယာတွေကို အကူအညီ တောင်းလိုပါတယ်ခင်မျာ” BNRA သတင်းနဲ့ပြန်ကြားရေးဌာနက ပြောပါတယ်။

AA ပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပိုမိုဖိအားပေးတိုက်ခိုက်လာပြီး ဒေသခံပြည်သူတွေကိုလည်း ပိုမိုဒုက္ခရောက်စေနိုင်တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်အတွင်း BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့နေရာအတော်များများကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီကလည်း အပြင်းအထန် လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးရသူ ၁၁၀ ကျော်သွားပြီလို့ စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေပြော

နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားက ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။