ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)

နိုဝင်ဘာလ ၁၃ ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တရားရုံး၊ ရဲစခန်းအနောက်မှာ ပေါင် (၃၀၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲချတိုက်ခိုက်မှုကြောင့်  အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် (၃) လုံးနဲ့ အိမ်စီးကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်မှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေတဲ့ လန်းဆန်းလက်ဖက်ရည်ဆိုင်မှာ လာရောက်ဗုံးကြဲချမှုကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ (၁၁) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၁၄) လုံးနဲ့ စျေးဆိုင်ခန်း (၁၃) ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနဲ့ ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအတွက် သားတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။