စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းမူမြို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားအယောက် ၂၀နီးပါးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် အထိုင်စခန်းအထိ ဝင်ရောက်စီးနင်းဖို့ကြိုးစားခဲ့ပေမယ့် မြေပြင်အနေအထားကြောင့် မအောင်မြင်ခဲ့ဘူးလို့ Moe Nyo Revolution Force (M.N.R.F) အဖွဲ့က ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က အမြင့်ပိုင်းနေရာကနေ စက်​သေနတ်တွေနဲ့ ပစ်ခတ်နေသလို မြင်းမူမြို့ထဲ တပ်စွဲထားတဲ့ စစ်တပ်သံပြားကာ ကားတွေ စစ်ကူရောက်လာတာကြောင့် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။

“သူတို့တပ်စွဲနေတဲ့ အဆောက်ဦးက လေးထပ်အဆောင်ဗျ။ အာဏာသိမ်းပြီးတည်းက ဝင်နေနေတာပေါ့။ အဲ့တော့အမြင့်ကနေလည်း ပစ်ကြတယ်။ နောက်ပြီး သူတို့ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေဘက်ကို လက်နက်ကြီးတွေထုတယ်။ အဲ့ဒါ မြို့ထဲက ပြည်သူ ၃ယောက် ဒဏ်ရာရပါတယ်။ အဓိကကတော့ ကျနော်တို့ဘက်က လက်နက်မပြည့်စုံတာလည်း ပါပါတယ်။ အဲ့ဒါကြောင့်မသိမ်းနိုင်ခဲ့တာပါ။ ကျနော်တို့က ထောက်ပံ့ခံရတာ အားနည်းတာလည်း ပါပါတယ်” လို့ Moe Nyo Revolution Force (M.N.R.F )အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Moe Nyo Revolution (M.N.R.F )အဖွဲ့နဲ့အတူ Dog Killers People’s Defence Force (DK-PDF MMU) ၊ မြင်းမူမြို့နယ် ပကဖ ၊ ဇေယျာ​ရွှေမြေ၊ မြင်းမူမြို့နယ်အနောက်ခြမ်းပကဖ ၊ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထက် မနည်းသေဆုံး၊ သေဆုံးဦးရေ ထပ်တိုးနိုင်ခြေ ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။