တရုတ်ကနေ ပြန်လာတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်အထိ သွားကြိုခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်သူ သရုပ်ဆောင် ရန်အောင်ရဲ့ ရန်ကင်းက နေအိမ်ကို ပြင်းအားပျော့မိုင်းနဲ့ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ကို လေဆိပ်မှာ သွားကြိုခဲ့တဲ့ ရန်အောင် (ဓာတ်ပုံ NP News)

ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေးတဲ့ သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ကို Dark Shadow တပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ ပြင်းအားပျော့မိုင်းအသုံးပြုပြီး ဖောက်ခွဲ သတ်ပေးခဲ့တာပါ။

ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ စစ်ကောင်စီကို  ထောက်ခံအားပေးနေတာကြောင့် အနုပညာရှင် အမည်ခံ  ရန်အောင်ရဲ့နေအိမ်ကို ပထမဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပြင်းအားပျော့မိုင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Dark Shadow က ဆိုပါတယ်။

Dark Shadow အဖွဲ့၏ ထုတ်ပြန်ချက်

စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ထောက်ခံအားပေးနေတဲ့ အနုပညာရှင်ဆိုသူတွေကိုလည်း သတိပေးချင်သလို ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်တပ်၊ ရဲ၊ ပျူစောထီးတွေနဲ့ အရပ်ဝတ်စစ်သားတွေ စုဝေးရာနေရာတွေဆီ မသွားကြဖို့နဲ့ ဝေးဝေးကနေ ရှောင်ရှားသွားလာပေးကြဖို့ Dark Shadow က သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဇွန်လ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲ ၂၃ ဦး အလင်းဝင်လာ၊ စစ်သုံ့ပန်းအဖြစ် ၄၀ ဦးကို ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေဦးမြို့ အနောက်ဘက် စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးပါ ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။