ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ ရက်၊ နေ့လည် ၁ နာရီအချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူးနေထိုင်ရာ နေအိမ်ကို သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ သွားရောက်ရှင်းလင်းချိန်မှာ သူ့အိမ်မှာ ဘယ်သူမှ မရှိပါဘူး၊ သူ့အိမ်ရှေ့မှာက ဈေးဆိုင်ရှိပါတယ်။ သူဖွင့်ထားတာပေါ့နော်.. ဈေးဝယ်သူတော့ မရှိနေပါဘူး။ သူက ဆိုင်စောင့်နေတဲ့ အချိန်မှာ ရှင်းလင်းခဲ့တာပါ။ “လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး သန်းအောင်

အုပ်ချုပ်ရေးမှူး သန်းအောင်ဟာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းမှုနဲ့ ပေါ်တာဆွဲမှုတွေမှာ အားတက်သရော လုပ်ဆောင်ပေးခြင်း၊ စစ်မှုမထမ်းချင်ရင် လူစားထည့်ရမယ်ဆိုပြီး ကျေးရွာအုပ်စုအတွင်း တစ်အိမ်ထောင် ငွေကျပ် (၃)သောင်းကနေ (၅)သောင်းအထိ ကောက်ခံကာ စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ခြင်း၊ တော်လှန်ရေးထောက်ပို့ရဲဘော်တွေရဲ့ သတင်းကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးပို့နေခြင်းတို့ကြောင့် အခုလို ပြတ်သားစွာ အရေးယူရှင်းလင်းလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၃)က ဦးဆောင်ပြီး ပေါက်ခေါင်း (ပကဖ) လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီးချိုင့်မြို့နယ်အတွင်း ပြည်သူများကို လေကြောင်းအန္တရာယ် အသိပညာပေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့ရှိ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ ဇူလိုင်လအတွင်း လေကြောင်းရန်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်း အန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။