မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းထဲက တွဲဖက်ဗိုလ်အပါအဝင် ရဲနဲ့ စစ်သား ၅ ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ ဇဂျမ်းရဲစခန်းကို စစ်ကူလာတဲ့ အင်အား ၅၀ ခန့်ရှိ သီတာယုမွန်ပျူစောထီးတွေနဲ့ စစ်တပ် ပူးပေါင်းအဖွဲ့ကိုလည်း ပဒေသာမိုင်းဖောက်ခွဲကာ မီတာ ၅၀ ခန့်အကွာနေ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Burmese Guerrilla Force -MGN (BGF)၊  Anyar Federal Task Force ၊ ညောင်ဦးခရိုင်တပ်ရင်းအမှတ် ၅ ၊ ညောင်ဦးမြို့နယ် ပကဖ နဲ့ တခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်တောင်ကျေးရွာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။
Read More

သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ  ၂၀၇ တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ၆၀ မမ ၊ Multi Drones၊ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Inntakaw People's Defence Force -IPDF  ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။