မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကျွဲခြံလယ်မရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။

Mi-35 ရဟတ်ယာဉ်နဲ့ ပုသိမ်-မုံရွာလမ်းပိုင်း တမံလမ်းခွဲ ၃ မိုင်ပေါက်ကို ၃ ကြိမ်ပစ်ခတ်ပြီး ကျွဲခြံလယ်မရွာဘက်ကို ၂ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ကျေးရွာက ပြည်သူတွေ ထိခိုက်မှုကို အတည်မပြုနိုင်သေးဘဲ ထပ်မံတိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ မဲဇလီကျေးရွာနဲ့ ဆက်စပ်နေတဲ့ ရေလမ်းကြောင်းတွေကို အသုံးမပြုကြဖို့လည်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်အတွင်း အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တစ်နေရာမှာ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ ဒီဇင်ဘာ ၁၀ နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပူး ပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မနေ့ညပိုင်းက ရထားလိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၃၂ နဲ့ ၅၂ လမ်းထောင့်မှာ ဧပြီ ၁ ရက် မနေ့ညပိုင်းက ရထား လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံ စမွတ်ပရာကန်တွင် မြန်မာလူငယ် ၁ ဦး ဓားဖြင့် ဝိုင်းခုတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်မှာ ဇန်နဝါရီ ၁၃ ရက် ညနက်ပိုင်းက မြန်မာလူငယ်တစ်စုက အခြားလူငယ် ၁ ယောက်ကို ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် Battalion Of Budalin ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ် ၁၀ စီးခန့် အား ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ ဖိုင်ကို Battalion Of Budalin ( မုံရွာခရိုင်တပ်ရင်း ၂၀) မှ ထုတ်ပြန်လိုက်ပါတယ်။